Wednesday, August 15, 2012

အထုပ်ကို ဖြည်ကြည့်တဲ့ အခါ

ဒီပွဲမှာ တစ်ချို့တွေရှုံးခဲ့ကြတယ်
တစ်ချို့ကြ အမြတ်ကြီးကြီးရသွားပြန်ရော
တစ်ချို့ အနာတရ လဲကျကွဲကျ..........။

လာတုန်းကလည်း
ငါတို့ တွေ ယူလာခဲ့ကြပါတယ်
ပြန်တော့လည်း ယူသွားကြရတယ်.....။

ဗလာနဲ့ လာတဲ့ လူလည်းမရှိ
ဗလာနဲ့ ပြန်တဲ့ လူလည်းမရှိ
ငါ့တို့ရဲ့ အထုပ်
ငါတို့ဖြည်ကြည့်တော့

တစ်ချို့ ဒါန ၊ သီလ ၊ ဘာဝနာ
တစ်ချို့ရာထူး ၊ ဂုဏ် ၊ ပစ္စည်း
တစ်ချို့လေးလေးပင်ပင်ကြီးတွေကို
မ,ပြီး အပေါ်တက်သွားကြတယ်...... ။

တစ်ချို့ပြန်မထနိုင်လောက်အောင်ကို
လေးလံသွားတယ်.........။
ငါတို့တွေ ဘာကို ယူပြီးကြပြီလဲ
သေချာတာကတော့
အချိန်မပြည့်ခင်
မရှုံးဖို့ပါပဲ............. ။

                                 လင်းသစ်

No comments:

Post a Comment