Friday, November 2, 2012

အောင်နိုင်ခြင်း

ငါ၏စိတ်ထား မုန်းစိတ်များလည်း
ရယ်၍တစ်လှည့် ငိုမဲ့မဲ့နှင့်
ဘီလူးမျက်နှာ ရိုင်းပြစွာဖြင့်
အော်ကာဟစ်ဆဲ ငါပြုခဲ၏။
လိမ္မာယဉ်ကျေး မျက်နှာပေးဖြင့်

သူငါရှေ့မှောက် အထင်မှောက်အောင်
ဒေါင်းသို့ယောင်ဆောင် အို...ကျီးအမောင်။
စိတ်မျက်ကွယ်ရာ ရူ့ထောင့်မှာကား
တဏှာရုပ်သေး ဒေါသအတွေး သောကဘေးကြောင့်
အပါယ်ခရီး ပြည်လှည့်ပြီးသော်.....
တဒင်္ဂအတွေး ကံ,စိတ်လေးကို
ဓမ္မနှင်.ယှဉ် သဘာဝအမြင်သို့
ပကတိမျက်လုံး ဥာဏ်ဖြင့်သုံးကာ
ရင်တွင်းတိုက်ပွဲ ပြိုင်ဆိုင်နွှဲသော်
နိုင်ဖို.လမ်းစ ရှိပေသည်။
တောင်တွင်းခိုင်လင်း

Thursday, November 1, 2012

နောက်ကျတတ်တဲ.အမှန်တရား

အမှန်တရားဆိုတာ နောက်ကျမှ
ရောက်လာတတ်တဲ. ဧည့်သည်ပါ...
အဲဒီအမှန်တရား မလာခင်
သောကတွေ ဒုက္ခတွေ ဘ၀တွေ
လောကဓံတရားပေါ် အကြိမ်ကြိမ်လဲကျ
ဘယ်သူကများ ထူနိုင်ခဲ့ကြလို.လဲ
ငါ့တို.ကမ္ဘာမှာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်
အမှားတစ်ရံနဲ့ လမ်းလျှောက်နေသ၍
မေတ္တာတရားကရုဏာ မုဒိတာ ဗလာနတ္ထိ
သူတစ်ပါးပျက်စီးမှ ပျော်နိုင်ကြသတဲ့လား...
မတရားဘူးဆိုတာထက် မသနားဘူး မကြင်နာဘူး မညှာတာဘူး
အို....လူသား ဘယ်ကမ္ဘာထိ ဆက်မှားမလဲ...
ဟောကြစမ်းပါ ပြောကြစမ်းပါ ငြိမ်းချမ်းခြင်းတရား။
ငါပြုခဲ့တဲ့ ကောင်းမူ့ ငါပို့ခဲ့တဲ့ မေတ္တာ
ဒီနေ့တော့ အဟောသိကံ ဖြစ်ရပြီတဲ့......
ငါတို.ဘုရားအမှန် ငါတို့ဘာသာ အမှန်
အမှန်တွေ များလှတယ်ဆိုတဲ့ ဘာသာတရားကို ကိုးကွယ်တဲ့
သူတွေတောင် ကြက်ခြေခပ်တွေ အထပ်ထပ်ခြစ်တယ်။
ဘာသာ သာသနာ လူမျိုး ရိုးရာ ယဉ်ကျေးမူ့ ဂုဏ်သိက္ခာ
လူတွေဆီက ထွက်ကြလာတဲ့ ဝေါဟာရ
ထိန်းသိမ်းဖို့ စောင့်ရှောက်ဖို့
တာဝန်ရှိတယ်လို့
ခံယူသူတိုင်း မတရားသော အမှန်တရားတွေကို
လက်ပိုက်မကြည့်ကြပါနဲ့... မတရားသော အမှန်တရားတွေက
မုန်းတယ်
မတရားသော ယုတ်မာခြင်းတွေကို မုန်းတယ်
မတရားသော ရက်စက်ခြင်းတွေကို မုန်းတယ
နောက်ကျတတ်တဲ့ အမှန်တရားတွေကိုလည်း မုန်းတယ်။
ငြိမ်းစေမင်း(တန့်ဆည်)

အဆင်.

လောကီစီးပွား ပွားများဖို.အတွက်
ဝီရိယ အားထုတ် ငါအလုပ်လုပ်သည်
မယားခါးလှ သားမျက်နှာရဖို.
နေ.ညမအား ငါအလုပ်များခဲ.။
တစ်တောင်ပေါ် တစ်တောင်ဆင်.
တောင်တွေမြင်.တော.
တောင်ရဲ.အဆုံး ငါမျှော်ကိုးခဲ.။
တစ်ထစ်ခြင်းမြင်.တဲ. လှေခါးထစ်မှာ
လောကစကားအရ ငါအဆင်.ရခဲ.။
နေ.ညကုန်ဆုံး နှစ်တွေတိုးတော.
မလွဲသာ မရှောင်သာ
ဟောဒီမှာ ဇရာလက်မှတ်
ဒီမရဏ ဓားပါးပါးလေးကလေး
ငါ.ရဲ.လည်ပင်း တဖြည်းဖြည်းချင်း ညှင်းလေရဲ.။
သြော်
လောကုတ္တရာ ဘက်မှာရော
ငါ.အဆင်.ကဘယ်မှာလဲ။
အလင်းနှစ်(ဓမ္မကာရီ)

ခေါင်းလောင်းသံတိတ်

မြတ်စွာဗုဒ္ဒ ဟောဖော်ပြသော
တရားတော်မြတ် ဓမ္မစက်ကို
အားခွန်ကြိုးစား သင်ယူပွား၏
သို.ပေသော်ငြား
တော်မှာမပျော် မြို.ပျော်ရဟန်း
ရွာမလွမ်းခဲ.။
ရွာကဘိုးဘွား မိဘများလည်း
သားတော်ရဟန်း လျှောက်လာလမ်းကို
မျှော်မှန်းတမ်းတ လွမ်းဆွတ်ရသည်
ညီငယ် ညီမ မျက်ရည်ကျ၏။
ကလေးသူငယ် ကျောင်းဝယ်မပျော်
လိမ္မာယဉ်ကျေး ဝေလာဝေးခဲ.
ခေါင်းလောင်းသံတိတ် ရွာကျောင်းရိပ်လည်း
ရွာရဟန်းအို ဘုရားပျိုနှင်.
ရွာသူရွာသား မလေးစားခဲ.။
သားတော်ရဟန်း မြင်ချင်စမ်းဘိ
မိုက်သည်.ကလေး ဆဲရေးဆိုလည်း
ဝန်မလေးခဲ.။
အနာဂါတ်ရေး ပူပန်ဆွေးပေါ.
ခုခါဆိုးသော် နောင်ဝယ်သော်ရေး
ကောင်းဖို.ဝေးခဲ.။
ပြင်သူမရှိ ပျက်သည်.ဘုရား
ရွာသားများနှင်.
သင်သူမရှိ ရိုင်းသည်.ကလေး
ရွာအရေးကို
သားတော်ပြင်မှ ကောင်းလေစွဟု
လူကြီးမိဘ နူတ်မြွတ်ဟခဲ.။
ရွာအထွက်လမ်း တောင်ညိုတန်းဝယ်
သားတော်ပြန်လာ စောင်.မျှော်ရှာပေါ.
ရွာရဲ.အရေး နိုင်ငံအရေးပဲ
ရွာရဲ.မျိုးဆက် သားလက်ထက်ဝယ်
လင်းလက်တာရာ ပြည်.လပမာသို.
မကွယ်ညတိုင်း သာစေသတည်း။
တက္ကသိုလ်အရှင်ဥာဏိန္ဒ

နိုဝင်ဘာလ ထုတ် တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ(၁) အမှတ်(၃) သီတင်းကျွတ် အမှတ်တရ အထူးထုတ် ဖတ်နိုင်ပြီ

Takka Thoe Ya Han Pyo

အမေအို

သားသမီးများ စီးပွားကျန်းမာ
ကိုယ်စိတ်ဖြာ၍
ဘယာလည်းဝေး သောကအေးဖို့ 
ဆုတောင်းမေတ္တာ ပို့ ဝေပါ၏ ။


အရွယ်လည်းရောက် တောင်စုံပေါက်တော့
အေးရိပ်ကမ္ဘာ ထွက်ခွါ၍သွား
နယ်ခြားလည်းရောက် မေ့၍ပျောက်ခဲ့


အမေအို ပိန်ပိန် တဲအိမ်လေးမှာ တစ်ယောက်သာတည်း ။
မီးလည်းသူဖို ရေကျိုချက်သောက်
မျှော်လင့်သော သား ၊ သမီးများလည်း
သူ့ အိုးသူ့ အိမ် ပျော်မွေ့ ချိန်ပေါ့ ။


အမေအို ပိန်ပိန်
ညချိန်မိုးချုပ် မီးခြစ်စုတ်နှင့်
ဖယောင်းကိုရှာ မွှေးတိုင်ရှာပေါ့
ရေချမ်းဆီးမီး ပူဇော်ပြီးပြီ
မိခင်အိုအို တောင်းဆုဆိုသံ
လေးကန်ကန်နှင့်
သမီးနှင့် သား ကြီးပွားရေးဆို
မငိုလိုဘူး
မသေခင်မှာ သူတို့ မျက်နှာ
မြင်သွားချင်ပို တောင်းဆုဆို၏ ။


တောင်းဆုသံဆုံး ဘုန်းဘုန်းလဲကျ
မျက်ရည်စနှင့်
တိတ်ဆိတ်အိမ်တဲ မှောင်မဲမဲမှာ
လဲလျောင်းရှာပေါ့
မိခင်စိတ်ထင် အိပ်ယာဝင်တိုင်း
သစ်၇ွက်ကြွေသံ သားခြေသံလား
လေးတိုးဖြတ်သွား သမီးလားကွယ်
စုတ်ထိုးအိမ်မြှောင် ခွေးလည်းဟောင်ပေါ့


အမေအို ရင်မှာ ဘယ်သို့ နည်း

အလွမ်းဘယ်သို့ ဖြေမည်နည်း

ဆုတောင်းဘယ်ချိန် ပြည့်မည်နည်း ။







တက္ကသိုလ် အရှင်ဥာဏိန္ဒ