Wednesday, August 15, 2012

မေတ္တာပန်းခိုင်

ဆင်းရဲချမ်းသာ အလွှာပေါင်းစုံ
လူတို့ဘုံ၌ ကုံလုံပြည့်ဝ
နှလုံးလှဖို့ မေတ္တာနှင့်ယှဉ်
ကြိုးစားပြင်ခဲ့...........။

လဲနေသူလား ထူ၍သွားမည်
ချိုးနှိမ်စိတ်အား မေ့၍ထားခဲ့။
အောင်မြင် သူလား အားကျစကား
ဆို၍သွားမည် ...........။

အပြုံးမျက်နှာ မုဒိတာနှင့်
ကြီးပွားလိုစိတ် ယိုဖိတ်လာအောင်
ပို့ဆောင်ပေးခဲ့............။

ဆင်းရဲချမ်းသာ အကာပါတည်း
မေတ္တာနှင့်ယှဉ် ပြောဆိုလျှင်မူ
လူချစ်နတ်ချစ် ပန်းစစ်စစ်မို့ 
မည်သူပန်စေ ရနံ့ဝေခဲ့........။

ဝေေ၀ဆာဆာ ပွင့်လာစေကြောင်း
မေတ္တာလောင်း၍
ဖူးပွင့်အသီး ကြီးကြီးငယ်ငယ်
သွယ်သွယ်သေးသေး ချိုစိမ့်အေးမည်
မေတ္တာတန်ခိုး ပန်းလိုမျိုးပင်
စိုက်ပျိုးချင်ခဲ့ .................။

                                      တက္ကသိုလ် အရှင်ဥာဏိန္ဒ

No comments:

Post a Comment